ဂျပန်၏နေ့စဉ်ဘဝတွင် လိုအပ်သောအရာများ
လုပ်ထုံးလုပ်နည်း
နေထိုင်ခွင့်ကတ်
“ နေထိုင်ခွင့်ကတ်” သည် ဂျပန်နိုင်ငံတွင် သုံးလကျော်နေထိုင်သော နိုင်ငံခြားသားများအတွက် သက်သေခံကတ် (ID Card) ဖြစ်သည်။
ဂျပန်မှာနေထိုင်ဖို့အတွက် လိုအပ်တယ်။ အသက် 16 နှစ်နှင့်အထက်လူက အမြဲတမ်း နေထိုင်ခွင့်ကတ်ကို ဆောင်ထားပါ။
နေထိုင်ရာနေရာပြောင်းသည့်နေ့မှ 14 ရက်အတွင်း Itoigawa မြို့တော်ရုံး ၏ နိုင်ငံသားဌာနသို့ လာရောက်ပါ။
- ယူဆောင်လာရမည့်အရာများ
-
နေထိုင်ခွင့်ကတ်
ကိုယ်ပိုင်နံပါတ်ကတ်
နေထိုင်ခွင့်အရည်အချင်းနှင့် သက်တမ်းကုန်ဆုံးရက်၊ ကုမ္ပဏီစသည်ဖြင့် ပြောင်းလဲပါက 14 ရက်အတွင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုသို့ အကြောင်းကြားပါ။
နေထိုင်သူမှတ်ပုံတင်
ဂျပန်နိုင်ငံမှာ သုံးလကျော်နေထိုင်တဲ့ နိုင်ငံခြားသားတွေက နေထိုင်ရာမြို့တော်ရုံးမှာ” နေထိုင်သူမှတ်ပုံတင်ခြင်း” ကိုပြုလုပ်ရပါမယ်။
နေထိုင်ရာနေရာကနေပြောင်းသည့်နေ့မှစ၍ 14 ရက်အတွင်း Itoigawa မြို့တော်ရုံး ၏ နိုင်ငံသားဌာနသို့ လာရောက်ပါ။
- ယူဆောင်လာရမည့်အရာများ
-
နေထိုင်ခွင့်ကတ်
*နေထိုင်ခွင့်ကတ်နောက်ကျမှ ရရှိမည့်သူများအတွက် နိုင်ငံကူးလက်မှတ်။ကိုယ်ပိုင်နံပါတ်ကတ်
*ရှေ့က ဂျပန်တွင် လိပ်စာရှိပြီး ကတ်ကို ပိုင်ဆိုင်ထားပါက
ကျန်းမာရေးအာမခံ
ဂျပန်မှာနေထိုင်သူတိုင်း ကျန်းမာရေးအာမခံထားရှိရမယ်။
လစဉ် အာမခံကြေးများကို ပေးဆောင်ရသည့်အတိုင်း အာမခံအတွင်းအကျုံးဝင်ပါက ဆေးရုံနှင့် ဆေးဆိုင်များတွင် ကုန်ကျစရိတ်၏ 30% ကိုသာ ပေးဆောင်ရမည်ဖြစ်သည်။
အခြေအနေအရ အာမခံအတွင်း အကျုံးမဝင်သော ကိစ္စများလည်းရှိသည်။
ကုမ္ပဏီမှာ အလုပ်လုပ်တဲ့သူက ကုမ္ပဏီဝန်ထမ်းတွေက တဆင့်လုပ်ထုံးလုပ်နည်းတွေကို ပြုလုပ်ပါမည်။
ကုမ္ပဏီမှာ အလုပ်မလုပ်တဲ့သူတွေက မြို့တော်ရုံးမှာ လုပ်ထုံးလုပ်နည်းတွေကို ပြုလုပ်ရန်လိုအပ်ပါတယ်။
ပင်စင်
“ ပင်စင်” သည် အသက် 65 နှစ်နှင့်အထက်ရောက်တဲ့အချိန် သို့မဟုတ်ကျန်းမာရေးပြဿနာများ ဖြစ်ပွားသည့်အခါတွင် နေထိုင်မှုအတွက် ငွေလက်ခံရရှိစေသည့် စနစ်တစ်ခုဖြစ်သည်။
ဂျပန်နိုင်ငံတွင်နေထိုင်သူ (အသက် 20 မှ 59 နှစ်အထိ) သည် “ အမျိုးသားပင်စင်” ကို ဝင်ရမည်။
ကုမ္ပဏီတွင် အလုပ်လုပ်သူများသည်” သက်သာချောင်ချိရေးပင်စင်” တွင်ဝင်ရခြင်းမျိုးဖြစ်နိုင်ခြေရှိပါတယ်။
အသေးစိတ်အတွက် ဤနေရာကို
ကိုယ်ပိုင်နံပါတ်ကတ်
“ ကိုယ်ပိုင်နံပါတ်ကတ်” သည် ဂျပန်နိုင်ငံတွင်နေထိုင်သူမှတ်တမ်းရှိသူတိုင်း လက်ခံရရှိသော နံပါတ်တစ်ခုဖြစ်သည်။
နိုင်ငံခြားသား များလည်းပဲနေထိုင်သူများအဖြစ် နေထိုင်သူမှတ်ပုံတင်ခြင်းပြုလုပ်ပါက “ ကိုယ်ပိုင်နံပါတ်ကတ်အချက်အလက်” ကို အိမ်သို့ စာဖြင့် ပေးပို့ပါမည်။
အဲဒီမှာ မင်းရဲ့ ကိုယ်ပိုင်နံပါတ်ကတ် က ရေးထားတယ်။
“ ကိုယ်ပိုင်နံပါတ်ကတ်” သည် သင့် ကိုယ်ပိုင်နံပါတ် ကရေးထားသော IC ကတ်ဖြစ်သည်။
ကတ်လျှောက်ထားတဲ့အခါ လက်ခံရရှိနိုင်ပါသည်။
ပထမအကြိမ်လျှောက်ထားသည့်အခါ ငွေကုန်ကျမှုမရှိပါ။
ကိုယ်ပိုင်နံပါတ်ကတ် ကို အောက်ပါအခြေအနေများတွင် အသုံးပြုနိုင်ပါသည်။
- လူကိုယ်တိုင်အတည်ပြုရန် လိုအပ်သောအခါ
- ကိုယ်ပိုင်နံပါတ်ကတ် ကိုအကြောင်းကြားတဲ့အခါ
- နိုင်ငံတော် သို့မဟုတ် ဒေသဆိုင်ရာဝန်ဆောင်မှုများကို အသုံးပြုလိုပါက (ဥပမာ၊ ကွန်ဘီနီစတိုးဆိုင်မှာ နေထိုင်သူမှတ်တမ်းမိတ္တူရယူခြင်း စသည်တို့၊)
- ကျန်းမာရေးအာမခံကတ်အဖြစ် အသုံးပြုသည့်အခါ (အသုံးမပြုမီ တစ်ခါ မှတ်ပုံတင်ရန် လိုအပ်ပါသည်။)
ကိုယ်ပိုင်နံပါတ်ကတ်ရှိပြီးတဲ့လူက နေထိုင်ခွင့်ကာလကို သက်တမ်းတိုးပြီးပါက၊ ကိုယ်ပိုင်နံပါတ်ကတ် အသုံးပြုနိုင်သည့်ကာလကိုလည်း တိုးမြှင့်ရန် လိုအပ်မည်ဖြစ်သည်။ သတ်မှတ်ရက်မတိုင်မီ မြို့တော်ရုံးသို့လာရောက်ပါ။
ကိုယ်ပိုင်နံပါတ်ကတ် သက်တမ်းကုန်ဆုံးရက် ကျော်လွန်ပြီးမှ လျှောက်ထားပါက ယန်း ၁၀၀၀ ကုန်ကျမည်ဖြစ်သည်။
- ယူဆောင်လာရမည့်အရာများ
-
နေထိုင်ခွင့်ကတ်
ကိုယ်ပိုင်နံပါတ်ကတ်
အသေးစိတ်အတွက် ဤနေရာကို
ပိုက်ဆံ
အခွန်
ဂျပန်နိုင်ငံမှာ အလုပ်လုပ်တဲ့သူတွေ၊ နေထိုင်တဲ့သူတွေ၊ စျေးဝယ်တဲ့သူတွေက၊ နိုင်ငံနဲ့စီရင်စုများ၊ နေထိုင်ရာမြို့ကို အခွန်ပေးရသည်။
ကောက်ခံရရှိသောအခွန်များကို လူတိုင်း၏နေ့စဉ်ဘဝများကို ထောက်ပံ့ပေးရန် အသုံးပြုပါသည်။
ဂျပန်နိုင်ငံ၏ “ စားသုံးခွန်” သည် ကုန်ပစ္စည်း ၊ဝန်ဆောင်မှုတွေရဲ့ငွေ၏ 10% ကုန်ကျပါသည်။
အိမ်ကိုယူပြန်တဲ့ အစားအစာနဲ့ သောက်စရာပစ္စည်း(အရက် မပါဝင်) က 8% ဖြစ်ပါတယ်။
“ ဝင်ငွေခွန်” သည် နိုင်ငံတော်ကို ပေးဆောင်သော အခွန်ဖြစ်သည်။
အလုပ်လုပ်ပြီး လက်ထဲကိုငွေဝင်ခြင်း စသဖြင့် ရှိသောလူတွေက ပေးဆောင်ရသည်။
ဘယ်လောက်ပေးဆောင်ရမည်ဆိုတာကတော့ 1 လပိုင်း1ရက်နေ့ မှ 12 လပိုင်း 31 ရက်အထိ 1နှစ်အတွင်းမှာ လက်ထဲဝင်တဲ့ငွေနဲ့ ဆုံးဖြတ်ပါမယ်။
“ နေထိုင်ခွန်” က၊ စီရင်စုများနှင့် နေထိုင်ရာမြို့တွင် ပေးဆောင်ရသောအခွန်ဖြစ်ပါသည်။
အရေးပေါ်
ရုတ်တရက်ရောဂါဖြစ်ခြင်းနဲ့ဒဏ်ရာကြီးကြီးမားမားရတဲ့အခါ၊မီးလောင်မှုဖြစ်ပွားသောအခါ
- 119 နံပါတ်
-
ရုတ်တရက်ရောဂါဖြစ်ခြင်းနဲ့ ဒဏ်ရာကြီးကြီးမားမားရတဲ့အခါ၊မီးလောင်မှုဖြစ်ပွားသောအခါ မှာ119 သို့ခေါ်ဆိုပါ။
လူနာတင်ယာဉ် နဲ့ မီးသတ်ကားကို ခေါ်ဆိုနိုင်သည်။
24 နာရီ ကြာ ・365 ရက် အခမဲ့ ချိတ်ဆက်နိုင်ပါသည်။
စကားပြန်ဝန်ဆောင်မှုကို အသုံးပြု၍ စကားလည်းပြောဆိုနိုင်သည်။
ရဲကို အမြန်ခေါ်ချင်တဲ့အခါ
- 110 နံပါတ်
-
အမှုအခင်းနဲ့ မတော်တဆမှုတစ်ခုဖြစ်ပွားပြီးအခုချက်ချင်း ရဲ၏အကူအညီလိုအပ်တဲ့အခါ 110 နံပါတ် သို့ဖုန်းဆက်ပါ။
24 နာရီ ကြာ ・365 ရက်၊ အခမဲ့ ချိတ်ဆက်နိုင်ပါသည်။
“ ရဲစခန်း(KOBAN・ကိုဘန်) “ အကြောင်း . . . ရဲအရာရှိကရှိပါတယ်။ ပျောက်ဆုံးသွားသောပစ္စည်းများ၊ လမ်းညွှန်ပြခြင်း၊ ကလေးပျောက်ခြင်း စသည်တို့ကို ဆွေးနွေးနိုင်ပါသည်။
အမှိုက်ကို ဘယ်လိုစွန့်ပစ်မလဲ
အမှိုက်ကို ဘယ်လိုစွန့်ပစ်မလဲ
အမှိုက်စွန့်ပစ်တဲ့အခါ အောက်ပါအချက်တွေကို လိုက်နာပါ။
- အမှိုက်အမျိုးအစားများကို ခွဲခြားခြင်းအကြောင်း
- အမှိုက်အမျိုးအစားအလိုက် စွန့်ပစ်တဲ့နေရာနှင့်၊ ရက်စွဲ၊ နေ့စွဲနှင့် အချိန်ကို လိုက်နာပါ။
- ဘယ်နေရာမှာ ဘယ်အမျိုးအစားအမှိုက်ကို စွန့်ပစ်ခြင်းကိုတော့ နေထိုင်ရာနေရာရဲ့ စည်းကမ်းအတိုင်း လိုက်နာပါ။
Itoigawa မြို့ တွင် အမှိုက်စွန့်ပစ်နည်းကို ရှာဖွေနိုင်သည့် ဝဘ်ဆိုက်ရှိပါသည်။ ဟိရာဂါန နဲ့လည်း ရှာဖွေနိုင်သည်။
ကလေးပြုစုပျိုးထောင်ခြင်း/ကျောင်း
ကိုယ်ဝန်မှ ကလေးမွေးဖွားချိန်အထိ
ဆေးရုံမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ သိရင် တတ်နိုင်သမျှအမြန်ဆုံးItoigawa မြို့တော်ရုံး ရဲ့ ကလေးဌာနကိုသွားပြီး “ မိခင်နဲ့ကလေးကျန်းမာရေးလက်စွဲစာအုပ်” ကို ရယူပါ။
“ မိခင်နှင့်ကလေးကျန်းမာရေးလက်စွဲစာအုပ်” ကို ကလေးက သားအိမ်ထဲမှာ ရှိနေကတည်းက ကလေး၏ကျန်းမာရေးအခြေအနေနှင့် ကာကွယ်ဆေးထိုးခြင်းများကို မှတ်တမ်းတင်ရန်အတွက် အသုံးပြုပါသည်။
Itoigawa မြို့ တွင် စိတ်ချလက်ချဖြင့် ကလေးမွေးဖွားနိုင်စေရန် အမျိုးမျိုးသောကူညီပံ့ပိုးမှုများ ရှိပါသည်။
အသေးစိတ်အတွက် ဤနေရာကို
ကလေးထိန်းခြင်းနှင့် ပညာရေး
မူလတန်းကျောင်းမတက်မီ
“ ကလေးထိန်းကျောင်း” နှင့် “ မူကြိုကျောင်း” စသဖြင့် မူလတန်းကျောင်းမတက်မီ ကလေးများကိုကျောင်းအပ်ထားပြီး ကလေးထိန်းခြင်းနှင့် ပညာရေး ကို ပြု လုပ်တဲ့နေရာ တွေရှိပါတယ်။
မသင်မနေရ ပညာရေး (မူလတန်းမှ အလယ်တန်း)
ဂျပန်ကျောင်းအများစုသည် ဧပြီလတွင် စတင်ပြီး မတ်လတွင် ပြီးဆုံးသည်။
မူလတန်းကျောင်းသည် ၆ နှစ်၊ အလယ်တန်းကျောင်းသည် ၃ နှစ်ဖြစ်ပြီး ဤ ၉ နှစ်သည် မသင်မနေရပညာရေးဖြစ်သည်။
ဂျပန်နိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားများ၏ကလေးငယ်များသည် အသက် 6 နှစ်မှ 15 နှစ်ကြားရှိသောအခါတွင် မြို့ကအုပ်ချုပ်သော “ အစိုးရ” မူလတန်းကျောင်း ၊ အလယ်တန်းကျောင်းများတွင် လမ်းခုလတ် နဲ့ကျောင်းဝင်ခွင့်ရနိုင်သည်။
အထက်တန်းကျောင်းနှင့်အထက်
အထက်တန်းကျောင်း နှင့် တက္ကသိုလ်ကိုဆက်တက်ဖို့က စာမေးပွဲကို ဖြေဆိုရန်လိုအပ်ပါသည်။