Itoigawaတွင်နေထိုင်ခြင်းလမ်းညွှန်
အိမ်/နေထိုင်မှု
အိမ်ရှာနေ
Itoigawa မြို့တွင် ” အစိုးရမှ စီမံခန့်ခွဲသောအိမ်ယာ” ဟုခေါ်သော ပိုက်ဆံသိပ်မရှိသော လူတွေကို စျေးသက်သက်သာသာနဲ့ ဌားလို့ရတဲ့အိမ်ရှိပါသည်။
အသေးစိတ်အတွက် ဤနေရာကို
ဂျပန်နိုင်ငံတွင် အိမ်ရှာဖွေနည်းကို အကျဉ်းချုပ်ဖော်ပြသည့် ဝဘ်ဆိုဒ်ရှိပါသည်။
အသေးစိတ်အတွက် ဤနေရာကို
အသက်သွေးကြော
အိမ်ပြောင်းလဲရာတွင်၊ လျှပ်စစ်၊ ဓာတ်ငွေ့၊ ရေထွက်မှုများကို အသုံးပြုပါက၊ လုပ်ထုံးလုပ်နည်းတွေကို ပြုလုပ်ရန်လိုအပ်ပါတယ်။
[ လျှပ်စစ်ဓာတ်အား စတင်အသုံးပြုသောအခါ ]
လျှပ်စစ်ကုမ္ပဏီသို့ ဖုန်း သို့မဟုတ် အွန်လိုင်းဖြင့် လျှောက်ထားပါ။
[ ဓာတ်ငွေ့/ရေကို စတင်အသုံးပြုသည့်အခါ ]
Itoigawaမြို့ဓာတ်ငွေ့နှင့် ရေဌာန သို့ လျှောက်ထားပါ။
အသေးစိတ်အတွက် ဤနေရာကို
ဓာတ်ငွေ့နှင့် ရေဌာနက ဓာတ်ငွေ့/ရေကိုထောက်ပံ့မှုမရှိသော ဒေသများနှင့် အဆောက်အဦများရှိပါသည်။ လျှောက်လွှာတင်ရန်နေရာကို အဆောက်အအုံ စီမံခန့်ခွဲသူဆီကို စစ်ဆေးပါ။
အလုပ်ရှာဖွေခြင်း
“ Hello Work” သည် အလုပ်ရှာဖွေသူများအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးရေးစားပွဲလည်း ရှိသည်။
အလုပ်ရှာဖွေရန်၊ မှတ်ပုံတင်ခြင်း လိုအပ်ပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်မစတင်မီ နေထိုင်ခွင့်အရည်အချင်း၊အလုပ်လုပ်ပုံ၊အလုပ်သမားစာချုပ်၊လစာနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို စစ်ဆေးပါ။
အသေးစိတ်အတွက် ဤနေရာကို
ဘဏ်
လစာ နှင့်ပညာသင်ဆုများကို လက်ခံရရန်၊ “ ဘဏ်အကောင့်” လိုအပ်ပါသည်။
ငွေစုဆောင်းခြင်း၊ ငွေလွှဲခြင်း၊ ပြည်သူ့ဝန်ဆောင်ခစသည်တို့ကို လွှဲပြောင်းခြင်း ပြုလုပ်နိုင်သည်။
လိပ်စာနှင့်နေထိုင်မှုသက်တမ်းကုန်ဆုံးရက် နှင့် နေထိုင်ခွင့်အရည်အချင်းပြောင်းလဲမှုများရှိပါက ဘဏ်ကို ချက်ချင်းဆက်သွယ်ပါ။
ပစ္စည်းပို့ခြင်း
မေးလ်
ဂျပန်စာတိုက်များနှင့် စာတိုက်ပုံးများ၏ အမှတ်အသားမှာ “ 〒” ဖြစ်ပြီး အနီရောင်ဖြစ်သည်။
ဂျပန်ပြည်တွင်းနှင့် နိုင်ငံခြားသို့ စာများ၊ ပို့စကတ်များနှင့် ပစ္စည်းများကို ပို့ဆောင်နိုင်ပါသည်။
အသေးစိတ်အတွက် ဤနေရာကို
“ သယ်ယူပို့ဆောင်ရေး” မှာလည်းပဲ နိုင်ငံခြားသို့ ပစ္စည်းကို ပို့ဆောင်နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ ပို့ဆောင်ရေးကုမ္ပဏီ၏ ဆက်သွယ်ရန်နေရာသို့ ဆက်သွယ်ပေးပါ။
အဓိကကုမ္ပဏီ
- Sagawa Express
- Nippon Express
- Yamato သယ်ယူပို့ဆောင်ရေး
- Seino သယ်ယူပို့ဆောင်ရေး
သယ်ယူပို့ဆောင်ရေးနည်းလမ်းများ
လေဆိပ်မှ သွားရန် နည်းလမ်း
-
Haneda လေဆိပ်
လေယာဉ်
Toyama လေဆိပ်
ဘတ်စ်ကား
Toyama ဘူတာ
Hokuriku ကျည်ဆန်ရထား
Itoigawa ဘူတာ
-
Niigata လေဆိပ်
Niigata ကိုသွားမဲ့ လေဆိပ်အကြိုအပို့ ဘတ်စ်ကား
Niigata ဘူတာ
Shinetsu မူလလမ်းကြောင်း အထူးအမြန် Shirayuki
Joetsu Myoko ဘူတာ
Hokuriku ကျည်ဆန်ရထား
Itoigawa ဘူတာ
မီးရထား
Itoigawa မြို့ကိုဖြတ်၍ ပြေးဆွဲသော မီးရထားများတွင် Hokuriku ကျည်ဆန်ရထား၊ JR Oito လိုင်း နှင့် Echigo Tokimeki မီးရထားတို့ ရှိပါသည်။
ကျည်ဆန်ရထား ရှိတဲ့အတွက်ကြောင့် Tokyo နှင့် Osaka မှ အလွယ်တကူ လာရောက်နိုင်ပါသည်။
ရထား သို့မဟုတ် ဘတ်စ်ကားစီးသည့်အခါ ပေးဆောင်ရသည့်ငွေကို “ ယာဉ်စီးခ” ဟုခေါ်သည်။
ကျည်ဆန်ရထားက လက်မှတ်ကိုဝယ်ခြင်း သို့မဟုတ် ငွေသွင်းသည့် IC ကတ်ဖြင့် ပေးချေနိုင်သည်။
JR Oito လိုင်း နှင့် Echigo Tokimeki မီးရထားအတွက် လက်မှတ်များကို ဝယ်ယူပါ။ IC ကတ်များကို အသုံးမပြုနိုင်ပါ။
အသေးစိတ်အတွက် ဤနေရာကို
ဘတ်စ်ကား
ရထားဘူတာနဲ့ ဝေးတဲ့နေရာတွေကို သွားဖို့ဆိုရင် မြို့တွင်းပြေးဆွဲနေတဲ့ “ လမ်းကြောင်းဘတ်စ်” ကို စီးရတာ အဆင်ပြေပါတယ်။
လမ်းကြောင်းဘတ်စ်၏ လမ်းကြောင်းတွေက များစွာရှိသည့်အတွက်ကြောင့်၊ ဘတ်စ်ကားကုမ္ပဏီ၏ဝဘ်ဆိုဒ်စသဖြင့်အောက်ပါအကြောင်းအရာများကို ရှာဖွေကြရအောင်။
- ဘယ်ဘတ်စ်ကားကိုစီးရင်ကောင်းမလဲ။
- အဲဒီဘတ်စ်ကားရဲ့မှတ်တိုင်က ဘယ်မှာလဲ။
- ဘယ်ကားမှတ်တိုင်မှာ ဆင်းရမလဲ။
လမ်းကြောင်းဘတ်စ်ကာ စီးနည်း(Itoigawa ဘတ်စ်ကားကို ငွေသားနဲ့စီးတဲ့အခါ)
-
မင်းသွားမယ့်နေရာကို သွားမယ့် ဘတ်စ်ကားအတွက် ဘတ်စ်ကားမှတ်တိုင်မှာ စောင့်ပါ။
-
ဘတ်စ်ကား ဆိုက်ရောက်သောအခါ၊ ဦးတည်ရာကို စစ်ဆေးပြီး ဝင်ပေါက်တွင် အမှတ်အသားပြုထားသည့် အနောက်တံခါးမှ တက်လာပါ။
-
ဝင်ပေါက်မှာ “ နံပါတ်တပ်ထားတဲ့ လက်မှတ်” ကို ယူပါ။
-
သွားမည့်နေရာသို့ရောက်ရန်နီးလာသောအခါ သင့်ထိုင်ခုံအနီးရှိ” ကား၏အဆင်းခလုတ်” အသံမြည်ရန် နှိပ်ပါ။
-
ကားရှေ့ရှိ “ ယာဉ်စီးခပြဘုတ်” တွင် လက်မှတ်နံပါတ်အောက်က ရေးထားသော ယာဉ်စီးခကို စစ်ဆေးပါ။
-
ဘတ်စ်ကား လုံးဝရပ်သွားသောအခါတွင် ယာဉ်မောင်းထိုင်ခုံဘေးရှိ “ ယာဉ်စီးခပုံး” တွင် နံပါတ်တပ်ထားသော လက်မှတ်နှင့် ငွေသားကို ထည့်ပါ။
-
ရှေ့တံခါးကနေ ဘတ်စ်ကားကို ဆင်းပါ။
အသေးစိတ်အတွက် ဤနေရာကို
ကား/ဆိုင်ကယ်
နိုင်ငံခြား ယာဉ်မောင်းလိုင်စင်ရှိပြီး ဂျပန်တွင် ကား သို့မဟုတ် ဆိုင်ကယ် မောင်းနှင်ရန်အတွက်က လိုင်စင်ကို ပြန်လည်ပြောင်းလဲရန်လိုအပ်မည်ဖြစ်သည်။
အသေးစိတ်အတွက် ဤနေရာကို
စက်ဘီး
ဂျပန်တွင် စက်ဘီးဝယ်သည့်အခါ မှုခင်းကြိုတင်ကာကွယ်ရေး မှတ်ပုံတင်ရန် လိုအပ်ပါသည်။ စက်ဘီး၏လမ်းစည်းကမ်းလိုက်နာပါ။
အသေးစိတ်အတွက် ဤနေရာကို
ဖျားတဲ့အခါ ဒါမှမဟုတ် ဒဏ်ရာရတဲ့အခါ
နေမကောင်းတဲ့အခါ ဒါမှမဟုတ် ဒဏ်ရာအနည်းငယ်ရတဲ့အခါ လက္ခဏာတွေပေါ်မူတည်ပြီး နီးစပ်ရာဆေးရုံကို သွားပါ။
ကြီးမားသော “ အထွေထွေဆေးရုံ” သို့ သွားရာတွင်၊ မိတ်ဆက်စာတစ်စောင် လိုအပ်ပါသည်။
အသေးစိတ်အတွက် ဤနေရာကို
ကလေးပြုစုပျိုးထောင်ခြင်းထောက်ပံ့မှု
ပံ့ပိုးမှုစနစ်
ကလေးပြုစုပျိုးထောင်ခြင်း ထောက်ပံ့မှုစနစ်
- ကလေးများအတွက် ဆေးဖိုး ထောက်ပံ့ကြေး
- ကလေးများသည် ဆေးရုံတက်ရန် သို့မဟုတ် ဆေးဝယ်သည့်အခါ ပေးဆောင်ရသည့် “ ဆေးဖိုးဝါးခ” မှာ အထက်တန်းကျောင်းပြီးသည်အထိ အခမဲ့ဖြစ်သည်။
- ကလေးစရိတ်
- ကလေးတွေကို ပြုစုပျိုးထောင်နေတဲ့လူက နိုင်ငံတော်ကနေ ရတဲ့ပိုက်ဆံပါ။
အသေးစိတ်အတွက် ဤနေရာကို
ပညာရေးပံ့ပိုးမှုစနစ်
- ကျောင်းတက်ရောက်ခြင်း ပံ့ပိုးမှုစနစ်
- မူလတန်း/အလယ်တန်း ကျောင်းသားများ၏အုပ်ထိန်းသူ (ဖခင်များ၊ မိခင်များ စသည့် ကလေးပြုစုပျိုးထောင်သူ) ၏ ဝင်ငွေနည်းသောအခါ၊ ကျောင်းမှာလိုအပ်သောအရာများ (ကျောင်းသုံးကျောပိုးအိတ်၊ စာရေးကိရိယာများ၊ ယူနီဖောင်းစသည်) နှင့် ကျောင်းနေ့လည်စာအတွက် ကုန်ကျမည့် ငွေကြေးများ ရရှိနိုင်ပါသည်။
အသေးစိတ်အတွက် ဤနေရာကို
အမျိုးမျိုးသောပံ့ပိုးမှု
- ကလေးပြုစုပျိုးထောင်ခြင်းထောက်ပံ့ရေး ဝန်ဆောင်မှု
- ကလေးပြုစုပျိုးထောင်ခြင်းအတွက် စိုးရိမ်ခြင်းနှင့်ပူပန်မှုများအကြောင်း တိုင်ပင်ရန်နေရာ နှင့် ဖျားနာနေတဲ့ ကလေးတွေကို အချိန်တိုအတွင်းကလေးထိန်းပေးတဲ့ နေရာတွေရှိပါတယ်။
အသေးစိတ်အတွက် ဤနေရာကို
- နိုင်ငံခြားသား၏ ကလေးတွေအတွက် ကျောင်းနေဘဝထောက်ပံ့ရေးသင်တန်း
- ဂျပန်ဘာသာကို နားမလည်သော နိုင်ငံခြားတိုင်းပြည်များမှလာသော မူလတန်းနှင့် အလယ်တန်းကျောင်းသားများအတွက် ဂျပန်ဘာသာနှင့် ကျောင်းသားဘဝ၏ စည်းကမ်းများကို လေ့လာသင်ကြားနိုင်သော သင်တန်းကိုပြုလုပ်ပေးနေပါသည်။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေး
ဘေးအန္တရာယ် အကြောင်းလေ့လာခြင်း
ငလျင်များ၊ မုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ အဖြစ်များသည့် နိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံတွင် မကြာခဏဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များကို လေ့လာပြီး နေ့စဉ်ပြင်ဆင်ထားရန် အရေးကြီးပါသည်။
နားလည်လွယ်တဲ့ ရှင်းပြချက်တွေနဲ့ ဗီဒီယိုတွေလည်း ရှိပါတယ်။
ဘေးကင်းရာသို့ ပြောင်းရွှေ့ရာအဆောက်အဦး
မိမိနေထိုင်ရာဒေသရှိ ဘေးကင်းရာသို့ ပြောင်းရွှေ့ရာအဆောက်အဦးနှင့်ဘေးကင်းရာသို့ ပြောင်းရွှေ့ရာနေရာကို စစ်ဆေးထားပြီး အရေးပေါ်အခြေအနေအတွင်း လျင်မြန်စွာ ဘေးကင်းရာသို့ ပြောင်းရွှေ့နိုင်အောင်ပြင်ဆင်ထားပါ။
ဘေးကင်းရာသို့ ပြောင်းရွှေ့ရာနေရာ – သဘာဝဘေးအန္တရာယ်ဖြစ်ပွားသောအခါ အသက်ကိုကာကွယ်ရန်အတွက် အရေးပေါ်အခြေအနေအတွက် ရွှေ့ပြောင်းရန်နေရာ
ဘေးကင်းရာသို့ ပြောင်းရွှေ့ရာအဆောက်အဦး – သဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီး အိမ်သို့ မပြန်နိုင်သောသူများ က ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်မှု ပြုလုပ်သည့် နေရာ
အသေးစိတ်အတွက် ဤနေရာကို
နေ့စဉ်အချိန်တွေမှာကတည်းက အနီးအနားရှိလူတွေနဲ့ နှုတ်ဆက်ခြင်းများပြုလုပ်ပြီး၊ ဒေသဆိုင်ရာ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လေ့ကျင့်မှုတွင် ပါဝင်ပါ။ ဘေးအန္တရာယ်ကြုံတိုင်း အချင်းချင်း ကူညီကြပါစို့။
တိုင်ပင်ချင်တယ်
နိုင်ငံခြားသားနေထိုင်မှုတိုင်ပင်ဆွေးနွေးခန်း
ဂျပန်၏ နေထိုင်မှုတွင် ဒုက္ခရောက်သောအကြောင်းအရာ သို့မဟုတ် စိုးရိမ်ပူပန်မှုများအကြောင်းတိုင်ပင်နိုင်သည့်နေရာဖြစ်သည်။
အသေးစိတ်အတွက် ဤနေရာကို
နိုင်ငံခြားသားနေထိုင်သူများအတွက် တယ်လီဖုန်းဖြင့်တိုင်ပင်ခြင်း
ဂျပန်၏ နေထိုင်မှုတွင် ဒုက္ခရောက်သောအကြောင်းအရာနဲ့ပတ်သက်ပြီးဖုန်းနဲ့ တိုင်ပင်နိုင်ပါတယ်။
အသေးစိတ်အတွက် ဤနေရာကို
ဂျပန်ဘာသာစကား နှီးနှောဖလှယ်ပွဲ
Itoigawa မြို မှာနေထိုင်သော နိုင်ငံခြားသားများအတွက် ဂျပန်ဘာသာသင်တန်းဖြစ်သည်။
အခမဲ့ ပါဝင်နိုင်ပါသည်။
အသေးစိတ်အတွက် ဤနေရာကို
စကားပြန်ကော်မတီ
မြို့တော်ရုံးတွေ ဆေးရုံတွေမှာ ဂျပန်စကားပြောရခက်တဲ့ နိုင်ငံခြားသားတွေအတွက် စကားပြန် ကို အကူအညီတောင်းနိုင်ပါတယ်။
4 ကြိမ်အထိအခမဲ့ဖြစ်သည်။